ဘောလခဲမြို့၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူများ (ကုတင် ၅၀) ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဘောလခဲ မေ ၃၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ (ကုတင်၅၀) ပြည်သူ့ဆေးရုံတွင် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၀၇:၀၀)အချိန်က ပြုလုပ်ခဲ့သည်။

ရက်(၁၀၀)စီမံချက်အနေဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ဘောလခဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်နှင့်ကော်မတီဝင်များ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ရက်(၁၀ဝ)စီမံချက်အနေဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပြည်သူ့ဆေးရုံ၌ အမှိုက်နှင့်ပေါင်းမြက်များရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ဆေးရုံရှေ့လမ်း‌ဘေးဝဲယာများ မြက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ရက်(၁၀၀)စီမံချက်အနေဖြင့် (ကုတင်၅၀) ပြည်သူ့ဆေးရုံ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများနှင့် မြို့နေပြည်သူများ စုစုပေါင်းအင်အား(၂၅ဝ)ဦး ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်