လွိုင်ကော်မြို့၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် Mask တပ်ဆင်ခြင်း မရှိသော လမ်းသွား၊ လမ်းလာပြည်သူများအား စစ်ဆေးဆောင်ရွက်

လွိုင်ကော် နိုဝင်ဘာ ၁၁

ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် လမ်းသွားလမ်းလာ၊ လူထူထပ် သည့် နေရာများတွင် Mask တပ်ဆင်သည့် အလေ့အထရှိပြီး ကူးစက်ရောဂါများ ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍  လမ်းသွား၊ လမ်းလာပြည်သူများအား Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် Mask တပ်ဆင်ခြင်း မရှိသော ပြည်သူများအား Mask တပ်ဆင်စေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သီရိမင်္ဂလာဈေးနှင့် ယနေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ် မိုင်းလုံး မီးပွိုင့်၌ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မဖြစ်မနေ Mask တပ်ဆင်ရေးလှုပ်ရှားမှုအနေဖြင့် သီရိမင်္ဂလာဈေးနှင့် မိုင်းလုံးမီးပွိုင့်တို့တွင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြည်သူများ လိုက်နာဆောင်ရွက် ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသည့် လမ်းသွား၊ လမ်းလာပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် အိမ်အပြင်ထွက်ပါက ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ Mask တပ်ဆင်သွားလာရန် အသိပေးပြောကြားပြီး Mask နှစ်ခုကို ငွေကျပ်(၁၀၀ဝိ/-)ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေ ခဲ့ကြောင်းသိရှိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)