ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာနှင့် စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေး

လွိုင်ကော် နိုဝင်ဘာ ၈

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာမဲရုံများတွင် ယနေ့နံနက် ၆ နာရီ အချိန်မှ၍ မဲဆန္ဒရှင်ပြည်သူများ သက်ဆိုင်ရာ မဲရုံအလိုက် လွတ်လပ်စွာနှင့် စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေး လျက်ရှိသည်။

လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီးရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံမှူး ၊ ဒု-မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများသည် ဆန္ဒမဲထည့်မည့် မဲပုံးများအတွင်း မည့်သည့်အရာမျှမရှိကြောင်း အသိသက်သေများ၏ ရှေ့မှောက်တွင်ပြသ၍ လုံခြုံရေးကြိုးများဖြင့် စနစ်တကျပိတ်ပြီး ဆန္ဒမဲပေးခွင့်ရှိသူပြည်သူများ စတင်မဲပေးနိုင်ပြီဖြစ်ကြောင်း အသံချဲ့စက်ဖြင့် အသိပေး ကြေညာသည်။

ထို့နောက် ဆန္ဒမဲပေးသူပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ နှင့်အညီ လက်သန့်ဆေးရည်ဖျန်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများ အသစ်လဲ လည်ပေးခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေခွါ၍ ဝင်ရောက်စေခြင်း၊ မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ် ထုတ်ပေးခြင်း၊ မဲထည့်ခြင်း၊ မဲထည့်ပြီးကြောင်း အမှတ်အသားအဖြစ် လက်သန်းတွင် မင်တို့ခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ပြည်သူများကလည်း မိမိတို့၏ဆန္ဒအလျောက် လွတ်လပ်စွာနှင့် စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေးလျက်ရှိသည်။

လွိုင်ကော်မြို့နယ်တွင် မဲရုံပေါင်း (၈၁) ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၁) သိန်းကျော်ရှိကာ ဆန္ဒမဲပေး ခွင့်ရှိသူ ပြည်သူများ အဆင်ပြေချောမွေ့စွာနှင့် စိတ်ချမ်းမြေ့စွာ မဲပေးနိုင်ရေးအတွက် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

အောင်ထွန်းလေး (ပြန်၊ဆက်)