ကယားပြည်နယ်

ရှားတောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် စားသောက်ဆိုင် များအား လိုက်လံစစ်ဆေးခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းဆောင်ရွက်

ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား လိုက်လံစစ်ဆေး ပညာပေးခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌  ရင်းနှီးမြှုပ်နှံမှုကော်မတီ(၅/၂၀၂၀)အစည်းအဝေးကျင်းပ

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၂၀) ကြိမ်မြောက် ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများ လိုက်လံနှိုးဆော်

ကယားပြည်နယ်၊​​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အများပြည်သူ သိရှိလိုက်နာရမည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ လိုက်လံနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဘောလခဲမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ အများပြည်သူ သိရှိ လိုက်နာရမည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ ဝမ်လွဲ့ ကျေးရွာ၊ လွယ်ဝိုင်းကျေးရွာတို့တွင် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဝင်များ ရွေးချယ်ခြင်း ဆောင်ရွက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ သုံးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း သုံးယူနစ် ဆောင်ရွက်ရန် ရွေးချယ်ထားပြီး အဆိုပါ ကျေးရွာများအား စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဝင်များ ရွေးချယ်ခြင်းကို ယနေ့ နံနက်ပိုင်းက လွီးကထိကျေးရွာနှင့် ဒေါဆီးအီကျေးရွာ တို့တွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

မယ်စဲ့မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းတို့ကို ယမန်နေ့က လမ်းဆုံကျေးရွာနှင့် ဟိုဂျစ်ကျေးရွာတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝမ်​အောင်း-ချိကွဲ့-​စောင်း​လော့ လမ်း​ပေါ်ရှိ ပွန်​ချောင်းတံတား(ဖား​ဆောင်း)တည်​ဆောက်​နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ဝမ်​အောင်း-​ချိကွဲ့-စောင်း​လော့ လမ်း​ပေါ်ရှိပွန်​ချောင်းတံတား(ဖား​ဆောင်း)တည်​ဆောက်​နေမှုအား ယမန်​နေ့ ည​နေ(၅)နာရီအချိန်က ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ​ဒေါ်နန်း​ထွေးသူ၊ အမျိုးသားလွှတ်​​တော်ကိုယ်စားလှယ် ဦးစိုင်းသာစိန်၊ မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းများ စိစစ်​ရေး​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုးနှင့်​​ကော်မတီဝင်များ၊ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ရှားပါးတောရိုင်းတိရစ္ဆာန်ဝံကြောင်တစ်ကောင် ထိန်းသိမ်းထားရှိ

ဒီဇင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္တာရဝတီတံတားအနီး လမ်းမပေါ်တွင် တောရိုင်း တိရိစ္ဆာန်ဝံကြောင်တစ်ကောင်အား တွေ့ရှိခဲ့ပြီး လမ်းသွား လမ်းလာပြည်သူများအား ရန်မူသဖြင့် မြို့ဒေသခံ များနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့မှ ဝိုင်းဝန်းဖမ်းဆီးကာ လွိုင်ကော်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ထိန်းသိမ်းထားရှိကြောင်း သိရသည်။

(၆၉)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

၂၀၂၁ခုနှစ် ၊ ဇန်နဝါရီလ(၁၅) ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည်။

ဒီးမော့ဆိုမြို့၌ နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုကို ယနေ့ နံနက် ၉ နာရီက လူသွားလူလာများပြားသည့် နေရာများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်