ကယားပြည်နယ်

ရှားတောမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ချပြရှင်းလင်းသည့် အခမ်းအနားကျင်းပ

ကယားပြည်နယ်၊ ရှားတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ချပြရှင်းလင်းသည့် အခမ်းအနားကို ယမန်နေ့ (၁၃)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ် ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများထံဖြန့်ဝေ

၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်စာစောင် များကို ရှားတောမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် ရှားတောမြို့ပေါ်ရှိ စျေးဆိုင်များနှင့် လမ်းသွား လမ်းလာ ပြည်သူများသို့ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့တွင် လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းလမ်းသုံးစွဲနေမှုများအား အရေးယူဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

လွိုင်ကော်မြို့နယ်အတွင်း လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းလမ်းသုံးစွဲနေမှုများအား အရေးယူဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖရူဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် တည်ဆောက်ရေးလုပ်ငန်းများ ရှင်းလင်း

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့်တည်ဆောက်ရေးလုပ်ငန်းများ မိတ်ဆက်ရှင်းလင်းခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဖား​ဆောင်းမြို့၌ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်ဖြန့်ဝေခြင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇)ကို ကယား ပြည်နယ်၊ ဖား​ဆောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖား​ဆောင်းမြို့ရှိ ​​စျေးဆိုင်များ၊ ဌာနဆိုင်ရာရုံးများ၊ လမ်းသွား လမ်းလာလူစည်ကားရာ နေရာများ၊ ကားဂိတ် များနှင့် ကျေးရွာများတွင် လိုက်လံဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန၌ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့အကြောင်း ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအား ဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်မှုကို ယမန်နေ့ နေ့လယ်ပိုင်း က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ စုပေါင်း၍ မဟာဘုံကထိန်ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများစုပေါင်း၍ ၂၀၂၀ ပြည့်နှစ် စုပေါင်းမဟာဘုံကထိန်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများနှင့် အညီ ယနေ့ နံနက်ပိုင်းက လောခုခူ ကျေးရွာ၊ လောခုခူထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပပြုလုပ် သည်။

မယ်စဲ့မြို့နယ်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၉ ရက်တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့တွင်းလမ်းဆုံ၊ လူစည်ကားရာနေရာများ၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များသို့ လိုက်လံဖြန့်ဝေခဲ့ ကြောင်း သိရ သည်။

ရွာသစ်မြို့၌ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေခြင်းဆောင်ရွက်

၂၀၂၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇) ကို ကယားပြည်နယ်၊ ရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွာသစ် မြို့ရှိ ‌‌ဈေးဆိုင်များ၊ ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၊ လမ်းသွားလမ်းလာနေရာများ၊ လူစည်ကားရာ နေရာများ၊ ကျေးရွာများတွင် လိုက်လံဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်