ကယားပြည်နယ်

ဒီးမော့ဆိုမြို့၌ နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့တွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုကို ယနေ့ နံနက် ၉ နာရီက လူသွားလူလာများပြားသည့် နေရာများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

​​မော်ချီး​ဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​ မော်ချီး​ဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် နေအိမ် အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မော်ချီး​အောက်ရွာ၊ လိုခါးလိုကွက်သစ်(​အောင်ချမ်းသာ​စျေးတန်း)တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်က လူထုလှုပ်ရှားမှုအဖြင့် မြို့ဝင်လမ်းဆုံ၌ ဖြတ်သန်းသွား လာနေသော ပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်ခြင်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက မြို့တွင်း လမ်းဆုံ၊​​ မြောက်ပိုင်း ရပ်ကွက် (အထက)​ကျောင်း​ရှေ့နှင့် ပူး​ပေါင်းကျန်းမာ​ရေးစစ်​ဆေး​ရေးဂိတ်တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘောလခဲမြို့တွင် Mask များ အခမဲ့ဖြန့်ဝေပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် Mask တပ်ဆင်သည့် နေ့အဖြစ် Mask များ အခမဲ့ဖြန့်ဝေပေး ခြင်းကို ယနေ့ နံနက်(၉)နာရီခွဲက နေအိမ်အပြင်ထွက် သွားလာသူများ၊ စားသောက် ဆိုင်များတွင် လိုက်လံဆောင်ရွက်ခဲ့ သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှုဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပြည်သူလူထုအခြေပြု ကိုဗစ်-၁၉ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များကို ပြည်သူများ ပူးပေါင်းပါဝင်ပြီး လိုက်နာနိုင်ရေးအတွက် အသိပညာပေးခြင်း၊ နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face shield) အခမဲ့ ဝေငှခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့လယ် လမ်းဆုံ၊ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် လူစည် ကားရာနေရာများ၊ စားသောက်ဆိုင် နှင့် ကုန်စုံဆိုင်များ၌ လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးမှ မယ်စဲ့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေ ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်ရန် ကော်မတီ ရွေးချယ်ဖွဲ့စည်းခြင်းနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများ ရွေးချယ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းများရွေးချယ်ခြင်းကို ဒီဇင်ဘာ ၁၃ ရက်နေ့က မယ်ဆည်နမ်ကျေးရွာ ခန်းမဆောင်နှင့် ကျောက်စုကျေးရွာ ခန်းမဆောင် တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ခရီးသွားပြည်သူများနှင့် ဈေးရောင်းဝယ်သူများ မဖြစ်မနေ နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မြို့မဈေး၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အတွက် မဖြစ်မနေ နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၀)ပြုလုပ်

လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀) ကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကယားပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားရေးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ကယားပြည်နယ်