ဒီးမော့ဆို ဒီဇင်ဘာလ ၁၅
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေး အသိပညာ မြှင့်တင်ရေး နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှုကို ယနေ့ နံနက် ၉ နာရီက လူသွားလူလာများပြားသည့် နေရာများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ကူးစက်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ နှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်းလျက် အထက(ဒီးမော့ဆို) ကျောင်းရှေ့၊ ဒေါငံခါးလမ်းဆုံ နှင့် ငွေတောင်စျေးတို့တွင် စျေးဝယ်သူများနှင့် စျေးသည်များ၊ ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညပေးခြင်းနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေးတို့ကို အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြီးဒဲရယ်