လွိုင်ကော် ဒီဇင်ဘာ ၁၆
ဒီဇင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္တာရဝတီတံတားအနီး လမ်းမပေါ်တွင် တောရိုင်းတိရိစ္ဆာန် ဝံကြောင်တစ်ကောင်အား တွေ့ရှိခဲ့ပြီး လမ်းသွား လမ်းလာပြည်သူ များအား ရန်မူသဖြင့် မြို့ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့မှ ဝိုင်းဝန်းဖမ်းဆီးကာ လွိုင်ကော်မြို့နယ် မီးသတ်ဦးစီးဌာနတွင် ထိန်းသိမ်းထားရှိကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသည့် ရှားပါးဝံကြောင်သည် အမဝံကြောင် တစ်ကောင်ဖြစ်ပြီး ပြည်သူများအား ရန်မူ သောကြောင့် မြို့ဒေသခံများက ရိုက်နက်ဖမ်းဆီးခဲ့ရာ မျက်လုံးတစ်ဖက်တွင် ဒဏ်ရာအနည်းငယ်ရရှိ ထားသဖြင့် မီးသတ်ဦးစီးဌာနတွင် ထိန်းသိမ်းထားရှိကာ ဆေးကုသပေးလျက်ရှိသည်။
သံယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ သစ်တောဦးစီးဌာနသည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာဥပဒေအရ မြန်မာနိုင်ငံတစ်ဝန်း လုံးတွင် မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တိရစ္ဆာန်များထဲတွင် ဝံကြောင် အမျိုးအစားပါဝင်ကြောင်း ၂၀၂၀ မတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်ထား သည့် အမိန့်ကြေညာစာအရ သိရှိရပြီး ရှားပါးတောရိုင်းတိရိစ္ဆာန် ဝံကြောင်များကို အရှေ့တောင်အာရှ နိုင်ငံများ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ နီပေါ၊ အိန္ဒိယနိုင်ငံရှိ ရွက်အုပ်ပိတ်တောများတွင် မြင်တွေ့ရလေ့ရှိကြောင်း သိရှိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)