ကယားပြည်နယ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာ ပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။

မယ်စဲ့မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေ သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မီပြီးရေးနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် တွင် လျာထားဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယနေ့နံနက် ၁၀ နာရီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်တည်ဆောက်ရေးနှင့်အရည်အသွေးစစ်ဆေးရေးလုပ်ငန်းကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား ကြိုတင်ပြင်ဆင်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပနိုင်ရေး ကြိုတင် ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီ(၁၅)မိနစ်က ဆောင်ရွက်ခဲ့သည်။

ကယားပြည်နယ်၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရွာသစ်မြို့ရှိ ဒေသခံပြည်သူများအား ဆေးကုသမှု ကွင်းဆင်းဆောင်ရွက်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးကုသမှု ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ မြောက်ပိုင်းရပ်ကွက်ရှိ စတုမာလာဓမ္မာရုံ၌ အခမဲ့ဆေးကုသမှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရှားတောမြို့၌ မြို့နယ်အဆင့် ကျန်းမာရေးဖွံ့ဖြိုးမှုအတွက် ပူးပေါင်းဆောင်ရွက်မှုများ ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ရှားတောမြို့နယ်တွင် မြို့နယ်အဆင့်ကျန်းမာရေးဖွံ့ဖြိုးမှုအတွက် ဌာနဆိုင်ရာအချင်း ချင်း၊ မိတ်ဖက်အဖွဲ့ အစည်း အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ ညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီး ဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ သည်။

ဖား​ဆောင်းမြို့၌ မြစိမ်း​ရောင်​​ကျေးရွာစီမံကိန်း ​ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ မြစိမ်း​ရောင်​ကျေးရွာစီမံကိန်းရန်ပုံ​ငွေ စီမံခန့်ခွဲမှုနှင့် ​ငွေစာရင်းထိန်းသိမ်းနည်း သင်တန်းဖွင့်ပွဲကို ယမန်​နေ့က အဆိုပါ ဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွာသစ်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက် သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါ နေရာများ၌ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦးနှင့် Quarantine Centre (၂)ခုမှ အသွား အလာကန့်သတ်ထားသူများ သတ်မှတ်ရက်ပြည့်မြောက်၍ နေအိမ်ပြန်ခွင့်ရ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ပထမဆုံး ကိုဗစ် အတည်ပြုလူနာတစ်ဦးနှင့် မြို့နယ် အားကစားရုံ၊ မြို့နယ်ခန်းမ Quarantine Centre တို့တွင် အသွားအလာ ကန့်သတ် ထားသူ (၆)ဦး၊ စုစုပေါင်း (၇)ဦးသည် သတ်မှတ်ကာလ (၁၄)ရက်ပြည့်မြောက်သဖြင့် ယမန်​နေ့က ၎င်းတို့၏ နေအိမ် အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် နိုင်ငံတော်မှ ပြန်လည်စွန့်လွှတ်သော ယာမြေ၌ တောင်သူများ ယာယီပုံစံ(၃) ပေးအပ် နိုင်ရေး ကွင်းဆင်းစိစစ်ဆောင်ရွက်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ကျေးရွာအုပ်စုတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ငွေတောင်မျိုးသန့် ခြံအဖြစ် ဆောင်ရွက်ခဲ့သော ဝမ့်လထွား ကျေးရွာ(ရွှေပန်းတော) ကွင်းအမှတ်/ အမည်(၂၂/ဝမ့်လထွားအရှေ့ ကွင်း)၊ ၁၂/ဝမ့်လထွား ရွာတွင်းရှိ ယာမြေအမျိုးအစား၊ ဦးပိုင်အမှတ် (၅/၂)၊ ဧရိယာ ၄၉ ဒသမ ၂၃ ဧကရှိမြေကို နိုင်ငံတော်မှ ပြန်လည်အပ်နှံမှုအပေါ် ကျေးရွာမြေအဖြစ် ၂၉ ဒသမ ၉၃ ဧက အသုံးပြုခဲ့ပြီး ကျန်ရှိသော ယာမြေ ၁၉ ဒသမ ၃၀ ဧကအား တောင်သူ လေးဦးထံ ယာယီပုံစံ(၃) ပေးအပ်နိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက လွှတ်တော်ကိုယ်စား လှယ်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် ယူဆမိုဆိုကျေးရွာတွင် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် ဒေသရှိ လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း များ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းများ
Subscribe to ကယားပြည်နယ်