ကိုဗစ်-၁၉ (လုံးဝ) မထိုးရသေးသူများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး (၆)လကြာသူများ၊ နိုင်ငံ့ ဝန်ထမ်းများအား တတိယအကြိမ် Booster Dose အပိုဆောင်း ကာကွယ်ဆေး ထပ်မံထိုးနှံ ပေးလျက်ရှိ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (လုံးဝ) မထိုးရသေးသူများနှင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး (၆)လပြည့်ပြီးသူများ၊ Covishield ထိုးနှံပြီးသည့် (၆)လ အထက်ရှိ နိုင်ငံဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရေးအတွက် ယမန်နေ့နံနက်(၉)နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် Booster Dose အပိုဆောင်း ကာကွယ်ဆေး ထိုးပေးခြင်းများကို စတင်ထိုးနှံပေးလျက်ရှိသည်။