ဖားဆောင်းမြို့နယ်တွင် အသက် (၁၂) အထက်ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအသုတ် (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အသက် (၁၂) အထက် ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအသုတ် (ဒုတိယ) အကြိမ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြောက်ပိုင်း ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် မော်ချီးဒေသ လွယ်ဗွာခိုကျေးရွာ (အလယ်တန်း) ကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် (၈) နာရီတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။