လွိုင်ကော်သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်းများ ဆောင်ရွက်

လွိုင်ကော် မတ် ၂၄  

ပူပြင်းခြောက်သွေ့လာပြီး နွေရာသီကို ရောက်ရှိလာပြီဖြစ်၍ အပူချိန်မြင့်တက်လာခြင်းကြောင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေး မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသခြင်းများကို လွိုင်ကော် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၌ ယမန်နေ့က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယပြည်နယ်မီးသတ်ဦးစီးမှူး ဦးခင်မောင်သန်းက  သူနာပြုနှင့်သားဖွား သင်တန်းကျောင်းအတွင်း  မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိရမည့် အခြေအနေများ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မီးဘေးအန္တရာယ်မကျရောက်အောင် ရှောင်ရှားရမည့် အချက်များအား ရှင်းလင်း ဟောပြော ပေးခဲ့သည်။

ထို့နောက်  သူနာပြုသင်တန်းကျောင်းအတွင်း မီးဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ် မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့များနှင့်  သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူလေးများက လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)