ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ် စွမ်းရည်ပြိုင်ပွဲကျင်းပ

ဘောလခဲ မတ်လ ၂၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော စာဖတ်စွမ်း ရည်ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဘောလခဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လက်ထောက် ညွန်ကြားရေးမှူး ဦးစိုးနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား လူငယ်များမှ မိမိစိတ်ဝင် တစားလေ့လာ မှတ်သားထားသော အချက်အလက်များနှင့် စာအုပ်တစ်အုပ်၏ အနှစ်သာ ရများကို စာဖတ် စွမ်းရည်ပြိုင်ပွဲ ဝင်ညီအစ်ကိုမောင်နှမများအား မျှဝေခံစားတတ်ရန် လူငယ်မောင်မယ်(၄)ဦးကဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

စာဖတ်စွမ်းရည်ပြိုင်ပွဲအပြီးတွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ခင်းကျင်းပြသထားသော စာအုပ်စာစောင် များအား စိတ်ပါဝင်စားစွာ လေ့လာငှားရမ်း ဖတ်ရှုခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)