လွိုင်ကော် မတ် ၂၅
ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၂)ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကယားပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၊ အတွင်းရေးမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် စပ်လျဉ်း၍ ပြည်နယ်အတွင်း လက်ရှိ ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် အခြေအနေများ၊ ပြည်နယ် အတွင်း သတ်မှတ်ကာလတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးကို ပြောကြားပြီး ပြည်နယ်ကော်မတီ အဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)နှင့် လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေး တင်ပြခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)