ဗန်းမော်မြို့တွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ညောင်ပင်ရပ်ကွက်ရှိ ရောဘတ်စစ်ရှောင်စခန်း ခန်းမဆောင်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ဗန်းမော်မြို့)၏ ကြီးကြပ်မှုဖြင့် ရောဘတ်စစ်ရှောင်စခန်းမှ (၅)မိုင် စီအင်ကျေးရွာသို့ ပြောင်းရွှေ့ နေထိုင်ကြမည့် နေရပ်စွန့်ခွာစစ်ဘေးရှောင်အိမ်ထောင်စုများမှ မိသားစုဝင်များအတွက် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲခန့်က ကျင်းပခဲ့ကြောင်း သိရှိရသည်။