ဝိုင်းမော်မြို့နယ်၌ ကချင်တိုင်းရင်းသား လာချိဒ်လူမျိုးစု၊ လာချိဒ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီမှ ကြီးမှူးကျင်းပသော လာချိဒ်တစ်မျိုးသားလုံး၏ မုဒ်ဦး၊ ရိုးရာအိမ်တော်၊ ပင်မ မနောကွင်း၊ ခန်းမဆောင်ဖွင့်ပွဲ ကျင်းပ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအုပ်စု၊ ခါ့ကွမ်ကျေးရွာတွင်ကချင်တိုင်းရင်းသား လာချိဒ်လူမျိုးစု၊ လာချိဒ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီမှ ကြီးမှူးကျင်းပသော လာချိဒ် တစ်မျိုးသားလုံး၏ မုဒ်ဦး၊ ရိုးရာအိမ်တော်၊ ပင်မ မနောကွင်း၊ ခန်းမဆောင်ဖွင့်ပွဲနှင့် လာချိဒ်လူမျိုးများ၏ ကျုံးဇွမ်မနောပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။