ကချင်ပြည်နယ်

မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ရူပဗေဒဘာသာရပ် စိတ်အေးချမ်းသာစွာဖြေဆို

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို စာစစ်ဌာနအသီးသီး၌ ယနေ့ နံနက် ၉ နာရီက ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ချီဖွေမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော (စိုက်ပျိုးရေး) ကျေးရွာစီမံကိန်းလုပ်ငန်းများအတွက် ငွေကျပ်သိန်း (၄၀၀) ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီ‌ဖွေမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော (စိုက်ပျိုးရေး) ကျေးရွာစီမံကိန်းလုပ်ငန်းများ အတွက် ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဥက္ကပ်ရပ်ကွက်ရှိ အခြေခံ မူလတန်းကျောင်း၌ တောင်သူများ လယ်ဝယ်အ‌ရောက်‌‌ လွဲပြောင်းပေးအပ်ခဲ့‌ကြောင်း သိရှိရသည်။

ဖားကန့်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို

၂၀၂၂- ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၈ ရက်နေ့မှ စတင်၍ ဖြေဆိုလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ရှိ စာစစ်ဌာနတွင်လည်း ရူပဗေဒဘာသာရပ်ကို ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ချေးငွေကြီးကြပ်ရေးကော်မတီဝင်များ၊ ဒေသခံတောင်သူများနှင့် ရှင်းလင်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလက်မှုကုန်ထုတ်လုပ်မှုများ တိုးမြှင့်လာစေရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များ၊ ချေးငွေကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ မလိခခန်းမ၌ ရှင်းလင်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောပွဲ၊ သရုပ်ပြသပွဲ၊ အာရှ ဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု ဖူဆယ်နည်းပြသင်တန်းဖွင့်ပွဲနှင့် မနောလိဒ်အမှတ်ပေး အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲများသို့တက်ရောက်

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်မီးသတ်ဦးစီးဌာနမှ စီစဉ်ကျင်းပသော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြသပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

ဗန်းမော်မြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ရွေးချယ်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ်တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီရွေးချယ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲခန့်က     ဗန်းမော်မြို့နယ်၊ တာမိုင်းလုံကျေးရွာဘုန်းကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း  အစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၃ ရက် နံနက် ၁၀  နာရီခွဲခန့်က ကျင်းပခဲ့ကြောင်းသိရသည်။

မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာ၌ အိမ်ခြေ (၄၅)အိမ်အား လေပြင်းဒဏ်ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များ ဖြစ်စေရေး အားဖြည့်မွမ်းမံ ပြင်ဆင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာတွင် လူနေအိမ်ခြေ (၄၅)အိမ်အား လေပြင်း ဒဏ်ပို မိုခံနိုင်ရည်ရှိသော အိုးအိမ်များ ဖြစ်စေရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၁၀)နာရီခွဲက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့မှ သွားရောက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနိုင်းမြို့နယ် ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ပြောပြခြင်း အစီအစဉ် ဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ အားလပ်ရက်၌ ပျော်ရွှင်စေရန်နှင့် ဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထများဖြစ်စေရန်၊ ဉာဏ်ပညာ တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ပုံပြင်ပြာခြင်းအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ က‌လေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပင်းဘောမြို့၌ ဓမ္မရာဇိကအောင်တော်မူ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်မြတ် တင်လှူပူဇော်ပွဲနှင့် တံခွန်တိုင်ရေစက်ချပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပင်းဘောမြို့ ဓမ္မေခကုန်းမြေ၌ တည်ထား ကိုးကွယ်ကြမည့် ဓမ္မရာဇိကအောင်တော်မူ စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်မြတ် တင်လှူပူဇော်ပွဲနှင့် တံခွန်တိုင်ရေစက်ချပွဲကို မတ်လ (၁၈)ရက်မှ (၂၂)ရက်ထိ ငါးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်