မိုးညှင်း မတ် ၁၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ဆယ်မိုင်ကျေးရွာတွင် လူနေအိမ်ခြေ (၄၅)အိမ်အား လေပြင်း ဒဏ်ပို မိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၁၀)နာရီခွဲက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့မှ သွားရောက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အဖွဲ့မှ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို ဦးဆောင်သည့် အဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးလဖိုင်ဇော်ဂေါင်နှင့် ဝန်ထမ်းများ၊ လူမှုကူ ညီရေးအသင်းမှ အဖွဲ့ဝင်များနှင့် ကျေးရွာသူ ကျေးရွာသားများ ပူးပေါင်း၍ လေဘေးဒဏ် ပိုမို ခံနိုင်ရည်ရှိစေရေး နေအိမ်ပြင်ဆင်မွမ်းမံ နိုင်ရန်အတွက် လူနေအိမ်တစ်လုံးလျှင် အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေ ကျပ်(၄၀၀၀၀)နှုန်းဖြင့် လူနေအိမ် (၄၅)အိမ်အတွက် စုစုပေါင်းတန်ဖိုးငွေ ကျပ် (၁၈)သိန်း တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေး အပ်ခြင်းနှင့် နေအိမ်မွမ်းမံပြင်ဆင်သည့် နေအိမ်များသို့ လေပြင်းဒဏ်ခံ ကြံ့ခိုင်စွမ်းအားရှိစေရန် အားဖြည့်ပြင်ဆင် မှုအဖြစ် သွပ်နန်းကြိုးများ တုံ့ဆိုင်းပေးခြင်း၊ ကျားကန် ထောင်မတ်ပေးခြင်း၊ သွပ်၊ ဝါးထရံ၊ သက်ကယ်များ အသုံးပြုပြီး အားဖြည့်ပြင်ဆင်ပေးခြင်းလုပ်ငန်းများကို သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း