မိုးမောက်မြို့နယ် ကျရီ-ဒဂေါ်ကျေးရွာ အဝင်လမ်းပေါ်တွင် ၄၀ ပေ ကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ် ရိုးရာဆုတောင်းပွဲ ကျင်းပ

မိုးမောက် ဧပြီ ၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် နယ်စပ်ဒေသ လမ်းပန်းဆက်သွယ်ရေးကဏ္ဍာ ကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၉၀ ဒဿမ ၁၂၅ သန်းဖြင့် ဆောင်ရွက်သည့် ကျရီ-ဒဂေါ်ကျေးရွာ ကျေးရွာအဝင် လမ်းပေါ်တွင် ၄၀ ပေ ကွန်ကရစ်တံတားတည်ဆောက်ပြီးစီးသည့် အထိမ်းအမှတ်အဖြစ် ဒေသခံတိုင်းရင်းသားများ၏ ကချင်ရိုးရာဓလေ့  ဆုတောင်းပွဲအခမ်းအနားကို ဧပြီလ ၅ ရက် နံနက် ၉ နာရီခန့်တွင် ကျင်းပခဲ့ ကြောင်းသိရသည်။

အဆိုပါ ကွန်ကရစ်တံတားကို မနောမြေချိုသီရိကုမ္ပဏီက တင်ဒါအောင်မြင်တည်ဆောက်ခဲ့ပြီး ကျရီ-ဒဂေါ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာ၊ အိမ်ထောင်စု ၂၈၂ စု၊ လူဦးရေ ၁၈၀၀ ဦးခန့်တို့ အတွက် လမ်းပမ်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းသိရသည်။

အခမ်းအနားသို့ ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးဇော်လင်း၊ မိုးမောက်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဒေါ်ဂျာဖန်တို့နှင့် ဒေသခံ ရပ်မိ/ရပ်ဖ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ ကြောင်းသိရှိရသည်။

မြို့နယ်ပြန်/ဆက်