တနိုင်းမြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲ ဆောင်ရွက်

တနိုင်း ဧပြီ

ကချင်ပြည်နယ်တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီးဘေး လုံခြုံရေးဟောပြောခြင်းနှင့် လက်တွေ့ မီးငြှိမ်းသတ်ခြင်းကို ယမန်နေ့ညနေ (၃) နာရီက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် တနိုင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ဇော်ဝင်းက မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးဘေးအန္တာရယ်နှင့် ရင်ဆိုင် ကြုံတွေ့လာပါက ရှေးဦးမီးငြှိမ်းသတ်ခြင်းကို မီးသတ်ဆေးဘူးအား ကိုင်တွယ်အသုံးပြုပုံ အဆင့်ဆင့်နှင့် လက်တွေ့သရုပ်ပြ အလျှင်အမြန် တုံ့ပြန့်ဆောင်ရွက်နိုင်စေရန် မီးငြှိမ်းသတ်ခြင်းများကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသပွဲသို့ခြင်းအား တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပန်းအိ(တနိုင်း)