မြစ်ကြီးနားမြို့၌ ဖရဲသီးများ ဝယ်လိုအားကောင်း၍ ဈေးကောင်းရရှိ
ကချင်ပြည်နယ်တွင် နှစ်စဉ်ရာသီအလိုက် သီးနှံများထွက်ရှိ ရောင်းချလျက်ရှိရာ ယခုနှစ်တွင် သီးနှံဈေးကွက်အတွင်း ဖရဲသီးဈေးကွက်၌ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိလျက်ရှိကြောင်း ဖရဲသီးရောင်းချသူများထံမှ သိရသည်။