ကချင်ပြည်နယ်

မချမ်းဘော၌ နွေရာသီအခြေခံအားကစားအခမဲ့သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုး တိုးတက် လာစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစား သင်တန်းကို ယမန်နေ့ ညနေ၃နာရီက မြို့နယ်အားကစားကွင်း၌ စတင်ဖွင့်လှစ်ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့လူထုအခြေပြုဗဟိုဌာန၌ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊    ဆွမ်ပရာဘွမ်မြို့တွင် ကျောင်းသား/ ကျောင်းသူများနှင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်၁၀နာ ရီခွဲက လူထု အခြေပြုဗဟိုဌာန၌ကျင်းပခဲ့ကြောင်းသိရသည်။

တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ပြုလုပ် ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ၌ ဧပြီလ ၁၈ ရက်နေ့ နံနက် (၁၀) နာရီက စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ကာမိုင်းမြို့၌ ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ကဗျာရွတ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၉)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့သည်။

တနိုင်းမြို့၌ ဇီဝိတဒါန ငါးလွှတ်ပွဲတော် နှင့် အသက် ၈၀နှစ်အထက် သက်ကြီးဘိုးဘွား ပူဇော်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့၌ ဧပြီလ ၁၇ ရက် မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းက ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသော ဇီဝိတဒါနငါးလွှတ်ပွဲ နှင့် အသက် ၈၀ နှစ်အထက် သက်ကြီးဘိုးဘွားပူဇော်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ကြောင်း သိရသည်။

မချမ်းဘောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူထားသော ဝက်များအား ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးထိုးနှံ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်ရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူထားသော ဝက်များအား ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကုသိုလ်ကောင်းမှု အလှူဒါနပြုလုပ်

မြန်မာနှစ်ဆန်းတစ်ရက်နေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်၍ သက္ကရာဇ်တစ်ခု၏ အစအဦးရက်တွင် ကုသိုလ်ကောင်းမှုများ ပြုကြသည်မှာ မြတ်နိုးဖွယ်ရာထုံးတမ်းစဉ်လာ တစ်ရပ်ဖြစ်သည်နှင့် အညီ သံဃာ‌တော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် လှူဒါန်းခြင်း၊ တရားတော် များနာယူပူဇော်ခြင်း၊ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ခြင်းများကို ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဖားကန့်မြို့၌ အကျဉ်းသား၊ အကျဉ်းသူ (၅) ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဖားကန့်အချုပ်ထောင်မှ ယ‌မန်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ (၅) ဦး လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ ပြစ်ဒဏ်ကျ အကျဥ်းသား အကျဥ်းသူ (၂၇)ဦးလွတ်မြောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံး စိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အမိန့်အမှတ် (၂၈/၂၀၂၃) လွတ်ငြိမ်းခွင့်အမိန့်အရ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်အကျဥ်း ထောင်၌ ပြစ်ဒဏ်ကျ အကျဥ်းသား၊အကျဥ်းသူမျာအား လွတ်ငြိမ်းချမ်းသာခွင့်ပေးပွဲ အခမ်းအနားကို

မိုးညှင်းဗဟိုအကျဉ်းထောင်၌ အကျဉ်းသား၊ အကျဉ်းသူ(၁၈)ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်း ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား၊ အကျဉ်းသူ(၁၈)ဦးအား ယမန်နေ့ နံနက် (၁၀)နာရီခွဲ တွင် မိုးညှင်းဗဟိုအကျဉ်းထောင် အစည်းအဝေးခန်းမ၌ လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်