တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

တနိုင်း ဧပြီ ၂၁

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နွေရာသီကလေးငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရန်ရည်ရွယ်၍ ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့ မွန်လွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ဦးစီးအရာရှိဒေါ်ဝါဦးက ယခုကာလသည့် ကလေးငယ်များ အားလပ်ချိန်ဖြစ်သည့်အလျောက် ကလေးငယ်များ စာကြည့်တိုက်နှင့် ကင်းကွာမှုမရှိ​စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားပြီး နွေရာသီ အခြေခံမြန်မာစာ စာစီစာကုံးရေးသားနည်းသင်တန်းမှ ပြိုင်ပွဲဝင် (၈) ဦးက "မသစ်ပင်" ကဗျာဖြင့် ပါဝင်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင်ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ခဲ့ကြောင်းသိရသည်။

ပန်းအိ (တနိုင်း)