ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်နယ်ပညာရေး စုံညီပွဲတော်တက်ရောက်
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကချင်ပြည်နယ်၏ ပညာရေးစုံညီပွဲတော်ကို မြစ်ကြီးနားမြို့ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းဘောလုံးကွင်း၌ ယမန်နေ့နံနက် ၈ နာရီက အခြေခံပညာ ကျောင်းပေါင်းစုံ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။