ရွေးကောက်ပွဲအပိုင်း(၂)ကျင်းပမည့် မိုးကောင်းမြို့နယ်အတွင်းရှိ မဲရုံများ၌ မဲရုံခင်းကျင်းပြင်ဆင်ထားမှုတို့အား ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်ဇော် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၂)တွင်ပါဝင်သည့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ အီလက်ထရောနစ်မဲပေးစက်ဖြန့်ဝေနေမှုနှင့် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲရုံခင်းကျင်းပြင်ဆင်ထားမှုတို့အား ယမန်နေ့တွင် လိုက်လံကြည့်ရှုစစ်ဆေးကြောင်း သိရသည်။