တနိုင်းမြို့နယ်၌ နွေရာသီယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

တနိုင်း ဧပြီ ၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ​နွေရာသီယဉ်ကျေးလိမ္မာ၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း  ၉ နာရီက အ.ထ.က-၁ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး နည်းပြအဖြစ် ကူညီဆောင်ရွက်ပေးခဲ့သော သင်တန်းနည်းပြ (၇)ဦးအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်သည်။

ဆက်လက်၍ အင်္ဂလိပ်စာသင်တန်းမှ သင်တန်းသူမဆုမြတ်ပန်မှ အင်္ဂလိပ်အပြောစွမ်းရည် ပြသတင်ဆက်ခြင်း၊ သင်တန်းသူ G-6 ကျောင်းသူများမှ အင်္ဂလိပ် Poem စွမ်းရည် ပြသတင်ဆက်ခြင်း၊ ယဉ်ကျေးလိမ္မာသင်တန်းမှ သင်တန်းသား/သူများမှ ယဉ်ကျေးလိမ္မာကဗျာစွမ်းရည် ပြသတင်ဆက်ခဲ့ရာ ပြသတင်ဆက်ခဲ့​သည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမှ ချီးမြှင့်ငွေ ငါးသိန်း၊ ရဲမှူးမြသောင်းမှ ချီးမြှင့်ငွေ တစ်သိန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်ကျော်ခိုင်မှ တစ်သိန်းခွဲဆုချီးမြှင့်ကြောင်း သိရသည်။

ယင်းနောက် နွေရာသီယဉ်ကျေးလိမ္မာ​၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာသင်တန်းတွင် ထူးချွန်ဆုရသော သင်တန်းသား/သင်တန်းသူများအား ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်ကျော်ခိုင်မှ တူညီဝတ်စုံများ ပေးအပ်ခဲ့သည်။

ထို့နောက် တနိုင်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ရီမှ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)