ဗန်းမော်မြို့ အထက(၁)တွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ဗန်းမော်   အောက်တိုဘာ    ၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲ ကို အောက်တိုဘာ ၃ ရက် နံနက် ၉ နာရီ ခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင်  ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက "လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊   မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှဦးစီးအရာရှိ ဦးသက်ပိုင်ထွန်းက "လူငယ်နှင့်အားကစားသိပ္ပံကျောင်းအကြောင်းသိကောင်းစရာ" ခေါင်းစဉ်ဖြင့် လည်းကောင်း   အသိပညာပေးဟောပြောခဲ့ပြီး ဦးစီးအရာရှိ ဦးသက်ပိုင်ထွန်းက အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။   အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို  ကျောင်းသား   ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်