တနိုင်းမြို့တွင် တန်ဖိုးသင့်စားသောက်ကုန်များ ဆက်လက်ရောင်းချပေး

တနိုင်း           အောက်တိုဘာ          ၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် တန်ဖိုးသင့်စားသောက်ကုန်များကို အောက်တိုဘာ ၃ ရက် နံနက် ၇ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကြက်သား (၅၀) ကျပ်သား ၅၅၀၀ ကျပ်၊ အမဲသား (၂၅) ကျပ်သား ၈၀၀၀ ကျပ်၊ ငါး (၂၅) ကျပ်သား ၅၀၀၀ ကျပ်၊ ကြက်ဥ (၅)လုံး ၁၀၀၀ ကျပ်၊ ဆန်(၁)ပြည် ၅၀၀၀ ကျပ်နှုန်းနှင့် ကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်စိမ်း စသည့်အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ဒေသခံ ပြည်သူများအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြသည်။

အဆိုပါ  တန်ဖိုးသင့်စားသောက်ကုန်များရောင်းချနေမှုကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် လုံခြုံရေးအဖွဲ့များက ပူးပေါင်း ဆောင်ရွက်၍ ဒေသခံပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပန်းအိ(တနိုင်း)