ရှင်ဗွေယန်မြို့ လူထုအခြပြုဗဟိုဌာန (Community Centre) ၌ မူလတန်းအဆင့် ဆေး‌ရောင်ခြယ်ပြိုင်ပွဲကျင်းပ

ရှင်ဗွေယန် အောက်တိုဘာ ၁၈

ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့ လူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်း အဆင့်‌ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျောင်းသား/သူ ကလေးငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတတ်လာစေရန် ရည်ရွယ်ကျင်းပကြောင်းနှင့် ပြိုင်ပွဲတွင် ရှင်ဗွေယန်မြို့ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက အမှတ်တရဆု လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ရှင်ဗွေယန်(ပြန်/ဆက်)