မြစ်ကြီးနား အောက်တိုဘာ ၁၈
“ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေတိုက်ဖျက်စို့” ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချ ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပ ပြုလုပ် သည်။
အခမ်းအနားတွင် ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက သဘာဝဘေး အန္တရာယ်လျော့ပါးရေးလုပ်ငန်းများကို နိုင်ငံတော်အနေဖြင့်အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်လျက် ရှိသကဲ့သို့ ကချင်ပြည်နယ်အတွင်း ဘေးမဖြစ်မီ လိုအပ်သည့် ကြိုတင်ကာကွယ်မှုများကိုဆောင်ရွက် သွားရမည်ဖြစ်ပါ ကြောင်း၊ ဘေးဖြစ်ပွားပါကလည်း လိုအပ်သည့် တုံ့ပြန်ဆောင်ရွက်မှုများ၊ အရေးပေါ်ထောက်ပံ့မှုများ၊ ဘေးအန္တရာယ်လျှော့ပါးရေး လုပ်ငန်းများကို ဘက်စုံ၊ ကဏ္ဍစုံက ထည့်သွင်းပေါင်းစပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူများအတွက် ဘေးဒဏ်ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်စွမ်းရှိသည့် လူ့မှုအသိုက်အဝန်းတစ်ခုဖြစ် ပေါ်လာစေရေး၊ ပြည်သူလူထုအကြား ရင်ဆိုင်ကြုံတွေ့ရသည့် ကဏ္ဍအလိုက် မညီမျှမှု များကို တိုက်ဖျက်ပေးရန်၊ လူတစ်ဦးချင်းစီက ကိုယ်စီ တာဝန်သိစိတ်ဖြင့် ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲ များမှ ဆုရရှိသူများအား မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်၊ မြစ်ကြီးနားတပ်နယ်မှူး ဗိုလ်မှူးချုပ်တင်ထွန်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး တို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တပ်နယ်မှူး၊ ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ အခမ်းအနားတက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ အခြေခံပညာကျောင်းသား/ကျောင်းသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့ အသီးသီးမှ တာဝန်ရှိသူများက ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ချက်မှတ်တမ်း ဓာတ်ပုံများ၊ ကျောင်းသား/ ကျောင်းသူများ၏ ဆုရမှတ်တမ်းများ ခင်းကျင်း ပြသထားသည့် ပြခန်းငယ်အား လှည်လည်ကြည့်ရှုအားပေးခဲ့ကြ သည်။
ကချင်ပြည်နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း သဘာဝဘေးဖြစ်ပွားမှု ၁၀၅ ကြိမ်ဖြစ်ပွားခဲ့ပြီး ဘေးသင့်အိမ်ထောင်စု ၇၁၁၇ စုတို့အတွက် ငွေကျပ် ၅၂၀.၉၂ သန်း ထောက်ပံ့မှုပေးနိုင်ခဲ့ကြောင်းနှင့် သဘာဝဘေးအသိပညာပေး သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဟောပြောပွဲ များ၊ သဘာဝဘေးဇာတ်တိုက်လေ့ကျင့်ခန်းများ စသည့် ပြည်သူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သိရသည်။
ပြည်နယ်ပြန်/ဆက်