နေပြည်တော်ကောင်စီနယ်မြေ

ဇေယျာသီရိမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအကြောင်း အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့်ကျင်းပသည့် မိုးရာသီကာလအတွင် ဖြစ်ပွားတတ်သည့်ရောဂါများ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပုပ္ပါးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ Nay Pyi Taw International School of Acumen (Main Campus) နှင့် (Preschool Campus) ကျောင်းတို့တွင် ယမန်နေ့က ငလျင်ဘေးအန္တရာယ်နှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊  ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်သို့ သွားရောက်၍ ငလျင်ဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်အဆောက်အဦများ ပြန်လည်ဆောက်လုပ်မည့်မြေနေရာအား ရှင်းလင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းများအမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရာသီဥတုကောင်းမွန်ချိန်တွင် လူ၊ စက်ယန္တရားအင်အားတိုးမြှင့်၍ အင်တိုက် အားတိုက် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်၌ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အသိပညာပေး ဟောပြောပွဲနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဝင်းကျော်ဦးနှင့် ဦးစီးအရာရှိ ဦးအောင်ရာဇာဖြိုးတို့ ကြီးကြပ်၍ မီးသတ်အဖွဲ့ဝင်များဖြင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာတုံ့ပြန်ဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် OIAC ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကော်မတီအစည်းအဝေးတက်‌ရောက်

နေပြည်တော် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေး‌ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုး၊ ကော်မတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်အတွင်း မူလတန်းကြိုကျောင်းများ ထူထောင်ခွင့်ပြုမိန့် သက်တမ်းတိုးမြှင့်ခွင့်ရရှိရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ “စံ” မူကြို၊ “သဇင်ဝေ” မူကြို၊ “Happy World” မူကြို စသည့် မူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် ဒုတိယအကြိမ် သက်တမ်းတိုးမြှင့်ခွင့်ရရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ်၌ မန္တလေးငလျင်ကြီးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း မန္တလေးငလျင်ကြီးကြောင့် နေအိမ်တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို  ယနေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်နှင့်စာဖတ်ခြင်း"အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်နှင့်စာဖတ်ခြင်း" အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အောင်ဇေယျရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်း ရာသီပြည့် တစ်နှစ်သုံးသီးစားသီးနှံစိုက်ပျိုးနိုင်ရေး‌ တောင်သူများနှင့်တွေ့ဆုံ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် နွေ၊ မိုး၊ ဆောင်းရာသီပြည့် တစ်နှစ်သုံးသီးစား သီးနှံစိုက်ပျိုးနိုင်ရေး‌ တောင်သူများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီက သပြေချောင်းကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC) ခန်းမတွင် တွေ့ဆုံခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးအောင်သူနှင့် မြို့နယ်အဆင့်စိုက်ပျိုးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တောင်သူပေါင်း ၆၅ ဦး တက်ရောက်ခဲ့သည်။

တပ်ကုန်းမြို့၌ ငလျင်ဘေးကြောင့် ပျက်စီးခဲ့သည့် မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး အသစ်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မတ်လ ၂၈ ရက် မန္တလေးမြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ပြန်လည်အသစ်တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက အဆိုပါဗိမာန်တော်ကြီးဝင်းတွင် ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ