တပ်ကုန်း နိုဝင်ဘာ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူကြီးကြပ်၍ စီစဉ်ကျင်းပသည့် ဒုတိယအကြိမ် မြန်မာ့ရိုးရာ နွားအလှနှင့်နွားလှည်းယဉ်ကြော့ပြိုင်ပွဲကို နိုဝင်ဘာ ၁ ရက်နံနက်ပိုင်းက မြို့နယ်အားကစားကွင်းတွင် စတင်ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါ နွားအလှနှင့်နွားလှည်းယဉ်ကြောပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ လှည်းအစီးပေါင်း ၂၈ စီး ဝင်ရောက်ယှဉ်ပြိုင်ပြီး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဒိုင်အဖြစ် ဆောင်ရွက်၍ ပြိုင်ပွဲကို နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ အုပ်စုလေးဖွဲ့ခွဲယှဉ်ပြိုင်၍ အုပ်စု ပထမ၊ အုပ်စုဒုတိယတို့ကို ဆက်လက်ယှဉ်ပြိုင်ပြီး ပထမဆုငွေကျပ်သိန်း ၅၀၊ ဒုတိယဆု ငွေကျပ် သိန်း ၄၀၊ တတိယဆုငွေကျပ်သိန်း ၃၀၊ အထူးဆုငွေကျပ် ၁၀ သိန်းနှင့် ပြိုင်ပွဲဝင် နွားအလှနှင့် နွားလှည်းယဉ်ကြော့များကို ငွေကျပ် ၅ သိန်းစီ ချီးမြင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် နွားအလှနှင့်နွားလှည်းယဉ်ကြော့ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
တင်စိုးလွင်