ဦးစီးဌာန(ရုံးချုပ်)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်နှင့် အဖွဲ့ ပွင့်ဖြူမြို့နယ်ရှိ မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်သည် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ်အတွင်းရှိ မဲရုံများအား မဲဆန္ဒရှင်ပြည်သူများ အခက်အခဲမရှိ အဆင်ပြေစွာ မဲပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပဲခူးတိုင်းတာဝန်ခံ ပဲခူးမြို့နယ် ပုဏ္ဏားရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်မဲအတွက် ဆောင်ရွက်ထားရှိအခြေအနေများအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပဲခူးတိုင်း‌ဒေသကြီးတာဝန်ခံ ဦးထွန်းခင်သည် အောက်တိုဘာ ၃၁ ရက်နံနက် ၁၀နာရီခွဲက တိုင်း၊ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့်အတူ ပဲခူးမြို့ ပုဏ္ဏားစုရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်ပြီး ကြိုတင်မဲအတွက် ဆောင်ရွက်ထားရှိအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မွန်ပြည်နယ်၊‌ ရေးမြိုနယ်တွင် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်ပြည်သူများ ကြိုတင် ဆန္ဒမဲများ စတင်ပေး

မွန်ပြည်နယ်၊‌ ရေးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အတွင်းရှိ အကြောင်းအမျိုးမျိုး ကြောင့် မဲရုံသို့ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲမပေးနိုင်သူ အသက် (၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင် ပြည်သူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံး များတွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ လာရောက်မဲပေး လျက်ရှိသည်။

ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာရှိ မီးဘေးသင့် အိမ်ထောင်စု(၂)စုအား အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေနှင့် Family Kits များ ထောက်ပံ့ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာတွင် အောက်တိုဘာလ ၂၉ ရက် ယမန်နေ့ ညနေက အိမ် (၂)လုံး မီလောင်မှုကြောင့် မီးဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ၃၀၀,၀၀၀/- ၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ၂၅,၂၀၀/- ၊ Family Kits (၂)ပုံးနှင့် mask(၂၄)ခု ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့အတွင်း ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများ စတင်ဆန္ဒမဲပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင်၂၀၂၀-ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပ မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အသက်(၆၀)နှစ် အထက်သက်ရွယ်ကြီးသူ မဲဆန္ဒရှင်များနှင့် မဲဆန္ဒနယ်ပြင်ပ သို့ရောက်ရှိမည့် မဲဆန္ဒရှင် (နိုင်ငံဝန်ထမ်း)များအတွက် ကြိုတင်မဲထည့်သွင်းခြင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီမှစတင်၍ ရပ်ကွက်နှင့်ကျေးရွာအလိုက် ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ဆောင်ရွက်ခဲ့ကြသည်။

ကျိုင်းတုံမြို့နယ်တွင် အသက် (၆၀) နှစ်နှင့် အထက် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲ စတင်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အသက် ၆၀ နှစ်နှင့် အထက်ရှိသူများ အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယနေ့ နံနက် ၈ နာရီက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး များ၌ စတင်ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲ ကျင်းပ

ဧရာဝတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လဲချား၌ မဲရုံမှူး/ ဒုတိယမဲရုံမှူးများအား ပညာပေးသင်တန်းပို့ချ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လဲချားမြို့နယ်အနေဖြင့် မဲရုံ(၃၆)ရုံ၌ တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး ဆရာ၊ဆရာမများအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို မူလွန်(၂)ကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပို့ချလျက်ရှိသည်။

ပန်းတောင်းမြို့နယ် ထုံးဘိုစျေး၌ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ရာတွင် ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်မြို့နယ် ထုံးဘိုစျေးနှင့် လူစည် ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ဖြူးစုကျေးရွာတွင် တံတားအသစ်(၁)စင်း တည်ဆောက်ရန် ထောက်ပံ့ငွေ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ဖြူးစုကျေးရွာ တွင် တံတားအသစ်(၁)စင်းတည်ဆောက်ရန်အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝ
Subscribe to ဦးစီးဌာန(ရုံးချုပ်)