လွိုင်လင် နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ ၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၃)ဦးရှိရာ လွိုင်လင်ပြည်သူ့ဆေးရုံ ဆေးတပ်ဆွယ်အဆောင်တွင် သီးခြားစောင်းကြည့် ကုသမှုပေးထားပြီးနောက် (၂)ဦးအား ယနေ့ နံနက်(၁၀)နာရီတွင် ဆေးရုံဆင်းခွင့်ပြုလိုက်ပြီး ကျန်တစ်ဦးကို ဆက်လက်ကုသပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူနှစ်ဦးသည် နည်းပညာတက္ကသိုလ်(ပင်လုံ)တွင် သီးခြားစောင့်ကြည့်ထားရှိပြီး အောက်တိုဘာလ ၁၈ ရက်နေ့၌ နှာခေါင်း အာခေါင်တို့ပတ် နမူနာယူ၍ တောင်ကြီးဓာတ်ခွဲဌာနသို့ ပေးပို့ခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်းအတည်ခဲ့ပြီးနောက် ၎င်းတို့အား လွိုင်လင်ဆေးရုံကြီး ဆေးတပ်ဆွယ်အဆောင်တွင် သီးခြား စောင့်ကြည့်ကုသမူခံယူပြီးနောက် သတ်မှတ်ချက်နှင့်အညီ ဆေးရုံမှဆင်းခွင့်ပြု လိုက်ကြောင်း နှင့် ကျန်းမာရေးထောက်ခံစာများပေးအပ်ကာ နေအိမ်တွင် (၇)ရက်ကြာသီးခြားနေထိုင်ရန် မှာကြားခဲ့ကြောင်း လွိုင်လင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ကုသရေး ကော်မတီအတွင်းရေးမှူး ဒေါက်တာနေဦး ထံမှသိရသည်။
လွိုင်လင်မြို့နယ်၌ယနေ့နံနက်ပိုင်းအထိ နည်းပညာတက္ကသိုလ်(ပင်လုံ)တွင် သီးခြားစောင့်ကြည့် ထားသူ(၃၉)ဦး ၊ ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တွင်(၁၄)၊ဦး၊ မိုင်းပွန် စဝ်စံထွန်းခန်းမတွင်(၇)ဦး နှင့် ပင်လုံတက္ကသိုလ် နေအိမ်တွင် စောင့်ကြည့်ထားရှိသူ(၁)ဦး ၊ စုစုပေါင်း(၆၁)ဦးအနက် ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့၌ (၁၂)ဦး၏ တို့ပတ်နမူနာများကို ဓာတ်ခွဲစစ်ဆေးရန် ပေးပို့သွားမည်ဖြစ်ကြောင်း ဒေါက်တာနေဦး က ဆက်လက်ပြောကြားသည်။
မိုးလွင်ဦး(လွိုင်လင်)