ရွာသစ် နို၀င်ဘာ ၁၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ဒေသထွက်ကုန် တစ်မျိုးဖြစ်သော ပြောင်းဖူး များကို ကိုဗစ်-၁၉ ကာလအတွင်း ၀ယ်လိုအားနည်းတာကြောင့် ယခင်နှစ်က ပြောင်းတစ်ပိဿလျှင် ငွေကျပ် ၅၀၀ ၀န်းကျင် ရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် ၄၀၀ ၀န်းကျင်သာရှိပြီး စျေးနှုန်း ကျဆင်း နေကြောင်း ဒေသခံ ပြည်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“လောလောဆယ်တော့ ပြောင်းစထွက်တဲ့ အချိန်ဆိုတော့ စျေးတွေကျနေတယ်၊ နောက်ပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ထားတာကြောင့် ပြောင်း၀ယ်သူတွေ နည်းလာပြီး ပြောင်း စျေးနှုန်းလည်း ကျနေတယ်၊ ဒီအတိုင်း အစေ့ထုတ်ပြောင်းကို ပိုးမွှားများ မကျရောက်အောင် နေပူလှန်းခြင်း၊ ပြောင်းဖူးများအား အစေ့ခြွေခြင်း လုပ်အားခများကိုတော့ ကြို စိုက်ထားပြီး ပြောင်း စျေးနှုန်းလည်း မြှင့်လာပြီဆိုတာနဲ့ အမြန်ဆုံး လွိုင်ကော်မြို့သို့ သွားရောင်း မည်ဟု တောင်သူတစ်ဦးကလည်း ပြောင်းစျေးကောင်းရရှိရေးကို မျှော်လင့်နေသည်ဟု သိရှိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)