ငဖဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(ပင်စင်စား)(၈၃၄)ဦး၏ ပင်စင်လစာငွေများ စတင်ထုတ်ပေးလျက်ရှိ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၃၃)အုပ်စုတွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား(၈၄၅)ဦးနေထိုင်လျက်ရှိရာ ဝန်ထမ်း(ပင်စင်စား) များ၏ ဒီဇင်ဘာလအတွက် ပင်စင်လစာများကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ငဖဲမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အလှည့်ကျသတ်မှတ်နေ့အလိုက်စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်းသိရသည်။