ဒိုက်ဦးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာနတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုစာအုပ်စာစောင်ပြပွဲ ကျင်းပ ပြုလုပ်

ဒိုက်ဦး  ဒီဇင်ဘာ   ၂၀ 

ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင် ပြပွဲကိုယနေ့နံနက် (၁၀) နာရီ  အချိန်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်​​ကြူကြူခိုင်က (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်း စာအုပ်များလွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း၏ အတ္ထုပ္ပတ္တိစာအုပ်များနှင့် အများပြည်သူ အသိပညာဗဟုသုတရရှိစေမည့် သုတ/ရသ စာအုပ်စာစောင်များ အား ခင်းကျင်းပြသထားကြောင်း သိရသည်။