ကလော ဇူလိုင် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ်အတွင်း အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက်(၉)နာရီ အချိန်ခန့်က ကလောမြို့၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့ မြို့မဈေးတို့တွင် ပြည်သူများ လက်ဝယ်အရောက် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်များတွင် ဒေသခံပြည်သူများ အစဉ်အလေးထား လိုက်နာဆောင်ရွက်ကြစေရန်အတွက် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေ၊ ဓါတ်လိုက်ခံရသည့်အခါ ရှေးဦးသူနာပြုစုနည်း၊ လျှပ်စစ်အန္တရာယ်အစဉ် သတိပြုဖွယ်စသည့် အသိပညာပေးလက်ကမ်းစာစောင်များနှင့် မီးဘေးလုံခြုံရေးနှင့် ငလျင်ပညာပေး လက်ကမ်းစာစောင်များကိုပါ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အသိပညာပေးဆွေးနွေးပြောကြား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကလော(ပြန်/ဆက်)