မောက်မယ်မြို့နယ်၌ ငွေလမင်းအစိုးရဝန်ထမ်းပေါင်းစုံငွေ စုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၁− ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မောက်မယ် ဇူလိုင် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ငွေလမင်းအစိုးရဝန်ထမ်း ပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၁−၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်(၉)နာရီက မြို့နယ်နမ့်ယွမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။  

ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းလီမိတက်၏သဘာပတိနှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဗိုလ်မှူးအောင်သက်မင်းတို့ကအမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးက မောက်မယ်မြို့နယ် ငွေလမင်းအစိုးရဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၁−၂၀၂၂ ဘဏ္ဍာရေးနှစ် အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းများကိုဖတ်ကြားရှင်းလင်းတင်ပြခဲ့ရာ အသင်းသူအသင်းသားများအားလုံးက အတည်ပြုလက်ခံကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အသင်းသူအသင်းသားများ၏ ၂၀၂၁−၂၀၂၂ ပညာသင် နှစ်တွင်တက္ကသိုလ်ဝင်တန်း အောင်မြင်သောသူများနှင့် (၁၀) သိန်းအထက် စုဆောင်း ငွေရှိသူများအား ဆုများချီးမြှင့်ခဲ့သည်။

ထို့နောက် ရွေးချယ်ထားသောအမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များမှ ကတိသစ္စာခံယူပြီး ရွေးချယ်ထားသော အသင်းဥက္ကဋ္ဌမှ အမှာစကားပြောကြားခဲ့ပြီး အသင်းသူအသင်းသားများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)