ဦးစီးဌာန(ရုံးချုပ်)

လဟယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက် ကာလအခြေခံအင်္ဂလိပ်စာသဒ္ဒါ Grammar နှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လဟယ်မြို့လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်းလူငယ်များ အသိပညာ ဗဟုသုတဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်လျက် အခြေခံအင်္ဂလိပ်စာသဒ္ဒါ(Grammar)သင်တန်းနှင့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန် လဟယ်ပြန်/ဆက်ရုံး Community Centre ခန်းမ၌ ကျင်းပါသည်။

မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ကော်မတီ၀င်များနှင့်တွေ့ဆုံ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဥပဒေဆိုင်ရာအထောက် အကူပေးရေးအဖွဲ့ ကော်မတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို မော်လမြိုင်မြို့နယ်စုပေါင်းရုံး၊ စတုတ္ထထပ်ရှိ မွန်ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊

နတ်မောက်မြို့ မြို့မဈေးကြီးအတွင်း လုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အဖွဲ့ပိုင် မြို့မဈေးကြီး လုံခြုံမှုရှိစေရန်နှင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ လူငယ် လူရွယ်များ၏ အပြောစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် လူငယ်နှင့်မီဒီယာအခွင့်အလမ်း စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွှဲပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

ကျောင်းသား ကျောင်းသူ ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတကြွယ်ဝစေရန်၊ ကျောင်းစာအပြင်ဗဟုသုတများ တိုးပွားစေရန်နှင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ကို ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီအခြေခံတိုက်ကွမ်ဒို သင်တန်းဖွင့်လှစ်

လူငယ်လူရွယ်များ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကိုရီးယားရိုးရာ တိုက်ကွမ်ဒို အားကစားနည်း အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၇ နာရီက ပုသိမ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

သာပေါင်းမြို့နယ်၊ လှေကြီးတတ်ကျေးရွာအုပ်စု၌ မီးဘေးအန္တရာယ်ကာကွယ်ရေး (သင့်ကြောင့်မီးမလောင်ပါစေနှင့်) မြေစိုက်ပိုစတာ စိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ မတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီ အချိန်က လှေကြီးတတ်ကျေးရွာအုပ်စုရှိ လမ်းဆုံတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး (သင့်ကြောင့်မီးမလောင်ပါစေနှင့်) မြေစိုက်အသိပေးနှိုးဆော် ပိုစတာစိုက်ထူခဲ့ကြသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင်ဆေးရောင်ခြယ်ပြိင်ပွဲကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆို

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)