ကွမ်းလုံမြို့၌ ရာသီပေါ် လိုက်ချီးသီးများ တစ်ပိဿာကျပ်တစ်သောင်းထိ ဈေးကောင်းရရှိ

ကွမ်းလုံ မေ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ရာသီပေါ် လိုက်ချီးသီးများ ရောင်းချမှုတွင် ဈေးကောင်းရရှိသဖြင့် ဒေသခံတောင်သူများအနေဖြင့် ဝင်ငွေတစ်ဖက်တစ်လမ်းမှရရှိလျက်ရှိကြောင်း သိရသည်။

ကွမ်းလုံမြို့တွင် လိုက်ချီးသီးများကို နှစ်စဉ် မေလလည်မှ ဇွန်လကုန်အထိ ခူးဆွတ်ရောင်းချ ကြပြီး ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးသဖြင့် အသီးအထွက်နှုန်းနှင့် ကြီးထွားမှုနှုန်းမှာ ယခင်နှစ်လောက် မကောင်းမွန်သော်လည်း လိုက်ချီးသီးတစ်ပိဿာလျှင် ကျပ်တစ်သောင်းထိ ရောင်းချ နိုင်မှုကြောင့် ဝင်ငွေတစ်ဖက်တစ်လမ်းမှရရှိပြီး အဆင်ပြေလျက်ရှိကြောင်း လိုက်ချီးသီးစိုက်ပျိုး ရောင်းချသည့် တောင်သူတစ်ဦးထံမှ သိရသည်။

ကွမ်းလုံမြို့သည် တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် တည်ရှိသဖြင့် ရာသီပေါ် လိုက်ချီးသီးများကို ခရီးသွားပြည်သူများ၊ ကွမ်းလုံမြို့နယ်နှင့်ထိစပ်လျက်ရှိသော မြို့နယ်များမှ ဈေးရောင်းချသူများက ဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)