ကန့်ဘလူ မေ ၃၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မိုးရာသီအတွင်း ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များနှင့်မြို့နယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသအခြေအနေများကို ပြည်သူများအချိန်မီသိရှိနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေးနှင့်အခြားသော ဘေးအန္တရာယ်များကျရောက်လာသည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များအား အသင့်စုဖွဲ့ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီး ဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)