ချောင်းဆုံမြို့နယ်တွင် အချိန်မီစိုက်ပျိုးနိုင်ရေး မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့က မြို့နယ်မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်(ခွဲ)တွင် စတင်ထုတ်ချေးပေးလျက်ရှိရာ ကုလားဘီကျေးရွာမှ မိုးစပါးစိုက်တောင်သူ(၄၈)ဦးတို့၏ စိုက်ဧက(၂၇၉)ဧကအတွက် လေးရာတစ်ဆယ့်ရှစ်သိန်းငါးသောင်းကျပ် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။