ဟင်္သာတ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြု (Community Center) ခန်းမ၌ အိမ်တွင်းမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အိအိခင်က သင်တန်းဖွင့်လှစ်သည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းယုရွှေကက သင်ကြားပေးမည့် ဘာသာရပ်များကို ရှင်းလင်းတင်ပြပါသည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညွှန့်ဆန်းထွန်း၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေ၊ ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အိအိခင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များနှင့် သင်တန်းသူ(၂၀)ဦး စုစုပေါင်းအင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီးသင်တန်းအား ၁၅.၅.၂၀၂၄ ရက်နေ့မှ ၁၇. ၅.၂၀၂၄ ရက်နေ့အထိ (၃)ရက်ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)