ရာထူးဝင်စာမေးပွဲ ဖြေဆိုမည့်သူများအတွက် မရှိမဖြစ်လက်ကိုင်ထားရမည့် စာအုပ် ထွက်ပြီ Read more about ရာထူးဝင်စာမေးပွဲ ဖြေဆိုမည့်သူများအတွက် မရှိမဖြစ်လက်ကိုင်ထားရမည့် စာအုပ် ထွက်ပြီ
(၁၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တက်ရောက် Read more about (၁၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တက်ရောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်မည့် (၁၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်း မဟာဘုံကထိန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ပြင်ဆင်ထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) တက်ရောက် Read more about စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ပြင်ဆင်ထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) တက်ရောက် စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ သဘာ၀ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ပြင်ဆင်ထားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၃)ကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ (၂၂)ကြိမ်မြောက် အသံမစဲမဟာမြတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ကျင်းပ Read more about ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ (၂၂)ကြိမ်မြောက် အသံမစဲမဟာမြတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ကျင်းပ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ (၂၂)ကြိမ်မြောက် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ဘုရားကြီးကုန်းတော်ပေါ်၌ ကျင်းပရာ အခမ်းအနားသို့ နမ့်ဆန်မြို့နယ်အတွင်း ကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော် (၁၀)ပါးနှင့် သီလရှင်ဆရာကြီး/ဆရာလေး (၅၀)ပါး၊ ဒေသစီမံအုပ်ချုပ်ရေးဥက္ကဌ တားသိန်းဇော်၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ ၊ မြို့မိမြို့ဖများနှင့် စေတနာရှင်/ အလှူရှင်များ၊ မိဘပြည်သူများ တက်ရောက်ကြသည်။
မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ရေရရှိရန် အဝီစိတွင်းတူးခြင်းနှင့် ပတ်သက်သည်များကို ဆွေးနွေးခြင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက် Read more about မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ရေရရှိရန် အဝီစိတွင်းတူးခြင်းနှင့် ပတ်သက်သည်များကို ဆွေးနွေးခြင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက် မိုင်းခုတ် အောက်တိုဘာ ၁၂ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်ပညာရေးမှူး ဦးအောင်ဇော် Malteser International (မာလ်တေဆာ အပြည်ပြည်ဆိုင်ရာ လူမှုကူညီထောက်ပံ့ရေးအဖွဲ့) ဒေါက်တာ သက်စုအောင် ဦးဆောင်သော အလှူရှင်အဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်များက ယမန်နေ့ နေ့လည်(၁:၀၀)နာရီအချိန်က ရေရရှိရန် အဝီစိတွင်းတူးဖော်ခြင်းနှင့် ပတ်သက်သည်များကို ဆွေးနွေးပြီးနောက် ရေရရှိပါက ရေလှောင်ကန်၊ လက်ဆေးဘေစင်နှင့် အမှိုက်မီးရှို့ကန်ကိုပါ ပြုလုပ်ပေးမည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲမှ ဆက်လက် ရေကျော်ကျ Read more about မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲမှ ဆက်လက် ရေကျော်ကျ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးအတွက် တောင်သူများ အားထားရသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့်ဘုတ်ချောင်းဆည်များရှိသည့်အနက် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ယနေ့ နံနက်ပိုင်းတွင် ဆက်လက် ရေကျော်ကျလျက် ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဖလမ်းမြို့၌ လူငယ်အသိပညာပေးဟော ပြောပွဲကျင်းပ Read more about ဖလမ်းမြို့၌ လူငယ်အသိပညာပေးဟော ပြောပွဲကျင်းပ ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ၃/၂၀၂၃ သင်တန်းဆင်းပွဲ ကျင်းပ Read more about တန့်ယန်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ၃/၂၀၂၃ သင်တန်းဆင်းပွဲ ကျင်းပ ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၃/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းနားကို အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်ကြက်ခြေနီအသင်းရုံး၌ ကျင်းပခဲ့သည်။
လဲချားတွင် လူငယ်နှင့်မူးယစ်ဆေး အန္တရာယ်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက် Read more about လဲချားတွင် လူငယ်နှင့်မူးယစ်ဆေး အန္တရာယ်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မူးယစ်ဆေးအသိပညာပေး နည်လှည့်ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(နောင်မိန်း)တွင် ဟောပြောဆောင်ရွက်ခဲ့သည်။
လင်းခေးတွင် အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနား ကျင်းပ Read more about လင်းခေးတွင် အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနား ကျင်းပ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှူး၍ အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီက အဆိုပါဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။