ချမ်းအေးသာစံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး လူထုအသိပညာပေးလှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူ
နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များရရှိစေနိုင်ရန်ဆောင်ရွက်မည့် အရေးကြီးလုပ်ငန်းစဉ်ဖြစ်သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူရေး လူထုအသိပညာပေးလှုံ့ဆော်ရေး မြစိုက်ပိုစတာစိုက်ထူခြင်းကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း ၃၀၊ ၇၃ လမ်းထောင့် လူစည်းကားရာနေရာတွင် ယနေ့နံနက် (၇) နာရီအချိန်က ကျင်းပခဲ့သည်။