ဗဟန်း မေ ၁၆
၂၀၂၄-၂၀၂၅ ပညာသင်နှစ် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးဆိုင်ရာ သီတင်းပတ်မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့ အ.ထ.က(၁)၊ အ.ထ.က(၂)၊.အ.ထ.က(၃)ဗဟန်းတို့တွင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ မြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာ၊ဆရာမများ တာဝန်ရှိသူများကကျောင်းနေအရွယ်ကလေးများ အခြေခံပညာသင်ယူနိုင်ရေးအတွက် အသိပညာပေး ကျောင်းအပ်နှံရေးမြေစိုက်ပိုစတာဆိုင်းဘုတ်များအား စိုက်ထူခဲ့ကြသည်။
ကျောင်းအပ်နှံခြင်းကို ကျောင်းသား၊ကျောင်းသူများအား မေ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး (၅) နှစ်အရွယ်ကလေးများကိုသူငယ်တန်း (KG)၌လည်းကောင်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့လည်းကောင်း အပ်နှံလက်ခံသွားမည်ဖြစ်၍ မေ ၂၃ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့်အညီ ဗဟန်းမြို့နယ်လုံးကျွတ် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကြည်ဇေသော်