ထန်းတပင်မြို့နယ်၌ အခြေခံအင်္ဂလိပ်စာသင်တန်း (အခမဲ့) ဖွင့်လှစ်

ထန်းတပင်(ရန်ကုန်) ဧပြီ ၂၉

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား နွေရာသီကျောင်းပိတ်ရက်ကာလအချိန်ကို အကျိုးရှိစွာအသုံးချတက်စေရန်နှင့် ပညာသင်ကြားရေးကို အထောက်အကူပြုစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာသင်တန်းကို ဧပြီလ (၂၈) ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (အခမဲ့) ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်ခိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းအေးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ရီဝေခိုင်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုသင်တန်းကို ဧပြီလ (၂၈) ရက်နေ့မှ မေလ (၂၂) ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး အခြေခံအင်္ဂလိပ်စာသင်တန်းသို့လည်း ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးတို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)