မိုးနဲမြို့နယ်၌ မိုးစပါးစံပြစိုက်ခင်း ဧက ၁၀၀ စံကွက်ရိတ်သိမ်း
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မြေ စာရင်းဦးစီးဌာနမှတာဝန်ရှိသူများနှင့် တောင်သူများပူးပေါင်းကာ မိုးစပါး ပန်းတိုင်ရရှိရေး ဧက ၁၀၀ စံပြစိုက်ခင်းတွင် စိုက်ပျိုးထားသော DU-12 မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်သည်။