ဆင်ပေါင်ဝဲ ဧပြီ ၃၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ နှစ်(၈)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စည်ပင်သာယာရေးစျေးတွင် ဧပြီ (၂၈)ရက်နေ့က အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဈေးကော်မတီဝင်များပူးပေါင်း၍ မြို့မဈေးအတွင်း ဈေးရောင်းချနေသည့် ဈေးဆိုင်များဈေး ပိတ်ချိန်လျှပ်စစ်မီးများ စနစ်တကျအသုံးပြုစေရေး၊ မီးခလုတ်များသေချာပိတ်ခဲ့ရန်၊ အမွှေးတိုင်၊ ဖယောင်းတိုင်မီးများ သေချာငြိမ်းသတ်ခဲ့ရန်နှင့် ဆိုလာတပ်ဆင်ထားသည့် ဆိုင်ခန်းများတွင် စနစ်တကျဖြုတ်သိမ်းခဲ့ရန် အစရှိသော မီးသတိပေးနှိုးဆော်စစ်ဆေးခြင်း၊ မီးသတ်စက်ယာဉ်နှင့် စျေးတာဝန်ရှိသူများမှ လိုက်လံစစ်ဆေးခဲ့ပြီး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)