အမြို့မြို့အနယ်နယ်သတင်းများ

မိတ္ထီလာမြို့နယ်၌ မိုးဝါများခူးဆွတ်မှု ကွင်းဆင်းအားပေးကြည့်ရှု

မိတ္ထီလာမြို့နယ် လှည်းပွဲကျေးရွာ ရွှေဝါမြေစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း မှအသင်း သား တောင်သူ ဦးချစ်မြိုင်၏ မိုးဝါ(၂)ဧက စိုက်ခင်းတွင် မိုးဝါဆွတ်ခူးနေမှုအား ယနေ့အောက်တိုဘာလ ၂၈ ရက်နေ့က မန္တလေးတိုင်းဒေကြီးသမဝါယမဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးလှိုင်မိုးနှင့်တာဝန်ရှိသူများ ကွင်းဆင်း အားပေးကြည့်ရှု  ခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့၌ ၂ဝ၂၅ ခုနှစ်ကိုယ်ပိုင်ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၅ ခုနှစ် ကိုယ်ပိုင်ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲ  အခမ်းအနားကို ယမန်နေ့က  ပေါက်ချောင်းရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌  ကျင်းပခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စတင်ကျင်းပသွားမည်ဖြစ်ရာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ယနေ့ နံနက်  ၁၀ နာရီခွဲက ပြုလုပ်သည်။

ငွေဆောင်မြို့တွင် ဟိုတယ်ဆိုင်ရာ အရေးပေါ်အခြေအနေတုံ့ပြန်ခြင်း သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့တွင်   ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာဟိုတယ်လုပ်ငန်းရှင်များအသင်း(ငွေဆောင်ဇုန်)တို့ပူးပေါင်းဖွင့်လှစ်မည့် ဟိုတယ်ဆိုင်ရာအရေးပေါ်အခြေအနေတုံ့ပြန်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၁၀ နာရီက ယမုံနာဦးဟိုတယ် Ball Room ခန်းမတွင် ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီးလူငယ်စင်တာတွင် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းကုသဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ပူးပေါင်းဆောင်ရွက်သည့် ကျန်းမာရေးစောင့်ရှောက်မှုကွင်းဆင်းဆေးစစ်ဆေးကုသပေးခြင်းကို အောက်တိုဘာ၂၇ရက် နံနက်ပိုင်းက သာကေတမြို့နယ်ရှိရန်ကုန်တိုင်းဒေသကြီး လူငယ်စင်တာတွင် ပြုလုပ်သည်။

ကျောင်းကုန်းမြို့၌ ကော်ဖီပျိုးပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့ အမှတ်(၄)ရပ်ကွက် ဂွတ်ဘ ရားသားရုံးဝန်း၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော ကော်ဖီပျိုးပင်စိုက် ပျိုးပွဲကို ယနေ့နံနက် ၉ နာရီခန့်က ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့ဝင်ဆိုင်းဘုတ်သစ်တည်ဆောက်ရေးမြေနေရာကြည့်ရှု၊ မဟာသီဟနာဒကျောင်းတိုက် လှူဖွယ်ပစ္စည်းဆက်ကပ်လှူဒါန်း

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များသည် အောက်တိုဘာ ၂၈ရက် နံနက်ပိုင်းက တပ်ကုန်းမြို့ဝင် ဆိုင်းဘုတ်အသစ် တည်ဆောက်ရေး မြေနေရာကြည့်ရှုခဲ့ရာ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းချမ်းက ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်က မြို့အင်္ဂါရပ်နှင့်အညီဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လူမှုဆက်ဆံရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့်အပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ပူးပေါင်းကျင်းပသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူမှုဆက်ဆံရေးအလုပ်ရုံဆွေးနွေးပွဲ(Humanitarian Diplomacy Workshop )ကို  ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Pan Pacific Hotelတွင် ပြုလုပ်သည်။

ပြင်ဦးလွင်မြို့တွင်  အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဆု ယှဉ်ပြိုင်နိုင်ရန်အတွက်  လုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တွင် အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဆုယှဉ်ပြိုင်နိုင်ရန်အတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။

ကော့သောင်းမြို့နယ်မှ အသက် အသက်(၁၂၁)နှစ်ရှိ မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံးအဘွားအား ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး  ကော့သောင်းမြို့မှ မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံး အသက်(၁၂၁)နှစ်အရွယ် အဘွားဒေါ်ပန်းနွယ်အား ယနေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေ သွားရောက်ပေးအပ်ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ