ဝါးခယ်မမြို့၌ မီး​လောင်မှုဖြစ်ပွား

ဝါးခယ်မ မေ ၂

ဧရာဝတီတိုင်း​ဒေသကြီး၊​ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယ​နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က မြသိန်းတန်ရပ်ကွက်ရှိ ​ကောင်းထက်စက်သုံးဆီအ​ရောင်းဆိုင်တွင် မီး​လောင်ကျွမ်းခဲ့​ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ အရံမီးသတ်တပ်ဖွဲ့များ၊​ ရွှေ​လောင်း၊ ကျုံမ​ငေး၊ ရွာသစ်၊​မော်လမြိုင်ကျွန်းမြို့နယ်မှ ​ရေသယ်ယာဥ်များ၊ ကြက်​ခြေနီ တပ်ဖွဲ့ဝင်များ ပရဟိတအသင်းအဖွဲ့များ အုပ်ချုပ်​ရေးမှူးများ စု​ပေါင်း၍မီးငြိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၁၅ မိနစ်ချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့​ကြောင်း သိရသည်။

မီး​လောင်မှုဖြစ်ပွားရခြင်းမှာ ဓါတ်ဆီဖြည့်​နေစဥ် ဆီပန့်​ဂေါက်တံနှင့်​ ပေပါနှုတ်ခမ်းတို့ပွတ်တိုက်မှုဖြစ်ပြီး မီးပွားထွက်၍မီး​လောင်မှု ဖြစ်ပေါ်ရခြင်းဖြစ်သည်။ မီး​လောင်မှု​ကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှု မရှိကြောင်းသိရှိရပြီး၊ တာဝန်ရှိသူအား ဥပ​ဒေနှင့်အညီ ထိ​ရောက်စွာအ​ရေးယူ​ဆောင်ရွက် သွားမည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါ မီး​လောင်မှုဖြစ်ပွားရာသို့​ မြောင်းမြခရိုင် မြို့နယ်စီမံခန့်ခွဲ​ရေးနှင့်အုပ်ချုပ်​ရေး​ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ​ရောက်ရှိလာပြီး မီးငြိမ်းသတ်မှု အ​ခြေအ​နေနှင့် ပြန်လည်သန့်ရှင်း​ရေး​ဆောင်ရွက်​နေမှုများအား ကြီးကြပ်ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)